Connect with us

Hi, what are you looking for?

သတင်း

မြွေပွေးမျိုးစိတ် ၁ မျိုးကို မြန်မာနိုင်ငံအတွင်း ပထမဆုံး မှတ်တမ်းအဖြစ် ပြုစုနိုင်ခဲ့လို့ဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ မြွေပွေးမျိုးစိတ်တစ်မျိုးကို မြန်မာနိုင်ငံအတွင်း ပထမဆုံး မှတ်တမ်းအဖြစ် တွေ့ရှိသုတေသနပြုနိုင်ခဲ့တယ်လို့ Native Species Conservation and Identification – NSCI အဖွဲ့က ဒီနေ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီမြွေမျိုးစိတ်ဟာ မာလာယုမြွေပွေး Malayan Pit Viper (သိပ္ပံနာမည် Calloselasma rhodostoma ) ဖြစ်ပြီး ဒီနှစ် ၂၀၂၅ ခုနှစ် မေလထဲမှာ စာတမ်းတို ထွက်ရှိတယ်လို့ NSCI အဖွဲ့က ကိုဝင်းပိုင်ဦးက ပြောပါတယ်။

“သူက မျိုးစိတ်သစ်တော့ မဟုတ်ပါဘူး။ သူက မြွေပွေးနဲ့ အကျင့်စရိုက်ချင်တော့ ဆင်တူတယ်။ သူက ညဘက်မှာ ကျက်စားတယ်။ နေခင်းဘက်ဆိုရင် ခြုံဘုတ်၊ သစ်ဆွေးတွေ အောက်မှာ နေတတ်တယ်။ ကြွက်နဲ့ ဖားကို အဓိက စားတယ်။ အဆိပ်လည်း ပြင်းတယ်။ ဒီမျိုးစိတ်က တခြားနိုင်ငံတွေမှာလည်း ရှိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ မရှိဘူးလို့ တွေးထားတာကနေ အခုလိုမျိုး တွေ့ရှိတာပါ” လို့ ကိုဝင်းပိုင်ဦးက ပြောပါတယ်။

မာလာယုမြွေပွေးမျိုးစိတ်ကို ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ထိုင်း-မလေးကျွန်းဆွယ်ဒေသတွေမှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – RIM

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...