Connect with us

Hi, what are you looking for?

သတင်း

ရာသီဥတုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ နည်းပညာဖလှယ်မှု ရပ်ဝန်း စတင်နိုင်ရေး စီစဉ်နေတယ်လို့ MERN အဖွဲ့က ထုတ်ပြန်

ကမ္ဘာ့ရာသီဥတုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အထောက်အကူပြု ဆက်စပ်ကဏ္ဍတွေအတွက် ရာသီဥတုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ နည်းပညာဖလှယ်မှု ရပ်ဝန်းကို အကောင်အထည်ဖော်နိုင်ရေး စတင်စီစဉ်ဆောင်ရွက်နေတယ်လို့ MERN ထံက သိရပါတယ်။

အဲဒီဆက်စပ်ကဏ္ဍအလိုက် နည်းပညာတွေ၊ လက်တွေ့ဆောင်ရွက်မှု ရလဒ်အတွေ့အကြုံတွေကို အကျိုးဆက်စပ်သူတွေအကြား စုစည်းပြီး ထိရောက်စွာ ဖြန့်ဝေပေးခြင်းက နည်းပညာဆိုင်ရာ လိုအပ်ချက်တွေကို တဖက်တလမ်းက ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ MERN က ဇွန်လ ၆ ရက်က ထုတ်ပြန်ပါတယ်။

အဲဒီကဏ္ဍတွေကို အကောင်အထည်ဖော် ဖြေရှင်းရာမှာ ငွေကြေး၊ လူ့စွမ်းအားနဲ့ နည်းပညာဆိုင်ရာ အရင်းအမြစ် စတဲ့ လိုအပ်ချက်တွေ ရှိနေတယ်လို့ MERN ရဲ့ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

အဲဒီအတွက် ရှေ့လုပ်ငန်းစဉ် မဟာဗျူဟာ တစ်ရပ်အဖြစ် ရည်ရွယ်ချက် တစ်ရပ်ချမှတ်ထားပြီးဖြစ်သလို အဖွဲ့ရဲ့ မျှော်မှန်းချက်နဲ့ တာဝန်တစ်ရပ်အဖြစ်လည်း သတ်မှတ်ထားတယ်လို့ MERN (Myanmar Environment Rehabilitation- conservation Network) က ဆိုပါတယ်။

ရာသီဥတုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဆက်စပ်နေတဲ့ ခေါင်းစဉ်တွေမှာ ကျား/မ တန်းတူညီမျှမှု၊ လူတွေတွေရဲ့ အခန်းကဏ္ဍ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ပြည်သူ့အခွင့်အရေး ၊ ရာသီဥတု လိုက်လျော ညီထွေ နေထိုင်ခြင်းဆိုင်ရာ ကိုးကွယ်ယုံကြည်မှု စသဖြင့် ဆက်စပ်ပါဝင်မယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီအစီအစဉ်ကို ပုံမှန်တင်ဆက်ဆောင်ရွက်သွားနိင်ရေးအတွက် ဟောပြေသူအဖြစ် မျှဝေပေးဖို့၊ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ဖို့နဲ့ ပူးတွဲ အကောင်အထည်ဖော်ကြဖို့ MERN အဖွဲ့က ဖိတ်ခေါ်နေပါတယ်။ အ

လက်ရှိမှာ MERN အဖွဲ့က အောက်ပါလိပ်စာတွေကို ဆက်သွယ်လို့ အကြံပြုချက်တွေ ပေးနိုင်တယ်လို့ သိရပါတယ်။

📮 Email: mern.myanmar@gmail.comm

☎️ Phone/Viber: CEO- 09448016358,

👤 Advisor (Prof. Ohn Lwin) 09 979446700

📩 MERN Viber – 09456999119

✉️ MERN Facebook- https://www.facebook.com/mernmyanmar

Photo- RECOFTC- Myanmar

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...