Connect with us

Hi, what are you looking for?

သတင်း

ရုရှားမှာ ပြင်းအား ၈.၈ ငလျင်ကြီး လှုပ်ခတ်မှုကြောင့် အမေရိကန်နဲ့ ဂျပန်အပါအဝင် နိုင်ငံတချို့မှာ ဆူနာမီသတိပေး

Myanmar Nature I သတင်း

ရုရှားနိုင်ငံ အရှေ့ဘက် Kamchatka ကျွန်းဆွယ်မှာ ပြင်းအား ၈.၈ မဂ္ဂနီကျူ ပမာဏရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ပြီး တဲ့နောက်မှာ အမေရိကန်နဲ့ ဂျပန်အပါအဝင် နိုင်ငံတချို့မှာ ဆူနာမီ သတိပေးချက်တွေ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။

ဒီနေ့ ဇူလိုင်လ ၁၀ ရက် ဒေသစံတော်ချိန် ၈ နာရီ ၂၅ မိနစ်ခန့်မှာ ရုရှားနိုင်ငံ၊ Kamchatka Peninsula မှာ ၈.၈ မဂ္ဂနီကျူ ပမာဏရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တယ်လို့ ရုရှားနဲ့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံ ဟာဝိုင်အီနဲ့ အလက်စကာပြည်နယ်၊ ဂျပန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသတွေ၊ အင်ဒိုနီးရှား၊ ဖီလစ်ပင် နဲ့ ထိုင်ဝမ်တို့မှာလည်း ဆူနာမီသတိပေးချက်တွေ ပြုလုပ်ထားပြီး အဲဒီဒေသတွေမှာ လူထုကို ဘေးကင်းလုံခြုံရာကို ရွေ့ပြောင်းထားပေးနေတယ်လို့ သိရပါတယ်။

မြန်မာစံတော်ချိန် နံနက် ၅ နာရီ၊ ၅၄ မီနစ်ခန့်မှာလည်း နေပြည်တော်ငလျင်စခန်းကနေ မြန်မာနိုင်ငံပြည်ပ (Off east coast of Kamchatka၊ ရုရှားနိုင်ငံ) ၊ မြောက်လတ္တီတွဒ် (၅၂.၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၆၀.၀၃) ဒီဂရီ၊ အနက် (၄၄) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၇.၈ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင် တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

3 Comments

သတင်း

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်ထဲက ရေအားလျှပ်စစ်စီမံကိန်းတွေ ပြီးစီးပါက နိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းအထိ ဓါတ်အားလိုင်းကွန်ယက် တည်ဆောက်ရန် စီမံဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်အစိုးရအဖွဲ့၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနထံမှ သိရပါတယ်။ တရုတ်၊ ရုရှားနိုင်ငံတို့နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ဖို့အတွက် အာဏာသိမ်း စစ်အစိုးရအဖွဲ့က ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်အစိုးရ၊...