Connect with us

Hi, what are you looking for?

သတင်း

သေဆုံးသူ ၃၇၆၀ ကျော်ရှိတဲ့ စစ်ကိုင်းငလျင်ကြီး ဒီနေ့ တစ်လပြည့်ပြီး

လူထိခိုက်သေဆုံးမှုနဲ့ အဆောက်အဦးထိခိုက်ပျက်စီးမှု ပမာဏကြီးမားတဲ့ စစ်ကိုင်းဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၇ အင်အားပြင်းငလျင်ကြီး ဒီနေ့မှာ တစ်လပြည့်ပြီးဖြစ်သော်လည်း နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်နေတယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီလ ၂၈ ရက်မှာ ပဲခူးတိုင်း၊ တောင်ငူအနောက်ဘက် ၃၄ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလို့ ရစ်ချ်တာစကေး ၄.၃ အဆင့်ရှိတဲ့ အင်အားအသင့်အတင့် ငလျင်တခု ထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ NUG အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဘေး ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလဌာနကလည်း ငလျင်စတင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်မှ ဒီနေ့ ဧပြီလ ၂၈ ရက် မနက် ၈ နာရီခန့်အထိ ငလျင်အကြိမ်ပေါင်း ၁၅၈ ကြိမ် လှုပ်ခတ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၅ ရက်အထိ စစ်ကောင်စီရဲ့ စာရင်းတွေအရ ငလျင်ကြောင့် သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦး၊ ပျောက်ဆုံးသူ ၁၁၀ ဦး ရှိတယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြားဘာသာရေး အဆောက်အအုံ ၆၁၃ လုံး ၊ ဆေးရုံး/ ဆေးခန်း ၅၇၆ လုံး၊ တံတား ၁၇၂ စင်း၊ ဆည်/တမံ ၅၈၆ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဧပြီလ ၂၄ ရက်အထိ စာရင်းတွေအရ သိရပါတယ်။

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...