Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီးနောက် တနင်္သာရီမှာ ဒီရေတော ဧက ၁၀၀၀ ကျော် ခုတ်ထွင်းရှင်းလင်းခံရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ ဒီရေတော ပြုန်းတီးမှု ပိုမိုများပြားလာနေပြီး ဒီရေတော ဧက ၁၃၀၀ ဝန်းကျင်ဟာ ငါး၊ ပုဇွန်ကန်များအဖြစ် စီးပွားရေးကုမ္ပဏီတွေရဲ့ အပြောင်ခုတ်ထွင်းရှင်းလင်းခံရတယ်လို့ Tanintharyi Coalition Resource Watch – TCRW ထံမှ သိရပါတယ်။

၂၀၂၂ ခုနှစ်မှာ ကျွန်းစုမြို့ ကတ္တလူကျေးရွာအနီး ဧက တစ်ထောင်နီးပါးနဲ့ ၂၀၂၄ ခနှစ်မှာ ဘုတ်ပြင်းမြို့နယ် ရေငံကြီးကျေးရွာအနီး ဧက သုံးရာနီးပါးရှိတဲ့ ဒီရေတောတွေကို အပြောင်ခုတ်ထွင်း ရှင်းလင်းပြီး ငါး၊ ပုဇွန်ကန်များအဖြစ် ပြုလုပ်ခဲ့တယ်လို့ TCRW က မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်းမှာ ဒီရေတောတွေ အဓိက ပြုန်းတီးရတာဟာ ဒီရေတောတွေ ခုတ်ထွင်းရှင်းလင်းပြီး အိမ်ယာမြေကွက် ဖော်ဆောင်ခြင်း၊ လယ်မြေအဖြစ် ပြောင်းလဲခြင်း၊ ဆားကွင်းများအဖြစ် ပြောင်းလဲခြင်း၊ ငါးပုဇွန်ကန်တွေ တူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ မျောတိုင်နဲ့ ထင်းမီးသွေးအတွက် အလွန်အကျွံခုတ်ယူခြင်းတို့ကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကျွန်းစုမြို့နယ်ထဲမှာပင် ပြည့်ဖြိုးထွန်း၊ ခိုင်ဇင်ယော်၊ ဩဘာစံ၊ ကျော်ကောင်းထက်၊ ကောင်းကောင်းစတဲ့ ကုမ္ပဏီတွေက ဒီရေတော ဧက ၄၃၈၀ ခန့်ကို ငါး၊ ပုဇွန်နဲ့ ကဏန်းမွေးမြူးရေး ကန်များအဖြစ် တူးဖော်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ငါး ပုဇွန်နဲ့ ရေနေသတ္တဝါများ မျိုးပွားရာနေရာအပြင် အဏ္ဏဝါဂေဟစနစ်အတွက် အရေးပါတဲ့ နေရာဖြစ်တဲ့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်မှာလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်လို့ တရားမဝင် သစ်ထုတ်ယူခြင်းနဲ့ ရွှေတူးဖော်ခြင်းလုပ်ငန်းတွေ ရှိနေခဲ့တယ်လို့ TCRW က က ဆိုပါတယ်။

သယံဇာတထုတ်ယူမှုမှာ လာဘ်ပေးလာဘ်ယူမှုတွေ ပိုမိုများပြားလာပြီး မြိတ်ကျွန်းစုမှာ ဒီရေတော သစ်ထုတ်ယူမှုတွေနဲ့ မီးသွေးထုတ်ယူမှုတွေ အရင်ကထက် ပိုများလာနေတယ်လို့လည်း RCRW က ထုတ်ပြန်ပါတယ်။

၂၀၁၀ မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နှစ်စဉ်ပျှမ်းမျှ သစ်တောပြုန်းတီးမှုဟာ ဧက ၇ သိန်းကျော်အထိ ဖြစ်ပွားခဲ့ပြီး အဆိုပါသစ်တောပြုန်းတီးမှုများထဲ ဒီရေတောပြုန်းတီးမှုများ ပါဝင်နေပါတယ်။

ဓါတ်ပုံ – Tanintharyi Coalition Resource Watch

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...