Connect with us

Hi, what are you looking for?

သတင်း

PLA ထိန်းသိမ်းထားတဲ့ ဆင် ၁၄၀ နီးပါးထဲက ထက်ဝက်ခန့်ကို TNLA ထံ လွှဲပေးထား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ထိန်းသိမ်ထားတဲ့ ဆင်ကောင်ရေ (၁၄၀) နီးပါးထဲက ထက်ဝက်နီးပါးကို တအာင်းအမျိုး သားတပ်မတော် – TNLA ဆီကို လွှဲပြောင်းပေးအပ်လိုက်တယ်လို့ PLA တပ်ဖွဲ့ထံမှ သိရပါတယ်။

“ဆင်ဦးစီးရော၊ မိသားစုရော၊ ဆင်တွေရော စားသောက်နေထိုင်ရေး ကိစ္စတွေအတွက် အခက်အခဲတွေ ရှိတယ်။ ဒီဘက်မှာက တိုက်ပွဲတွေလည်း ရှိနေတယ်။ ရေရှည်မှာလည်း ထိန်းထားဖို့က အခက်အခဲတွေ ရှိတော့ သူတို့ကလည်း တာဝန်ခံဝေယူပေးမယ်ဆိုလို့ လွှဲပေးလိုက်တာပါ” လို့ PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ထဲက တိုက်ပွဲတွေအတွင်း တိမ်းရှောင်လာတဲ့ ဆင် ၁၃၆ ကောင်အနက် ဆင်ကောင်ရေ ၆၀ ကျော်၊ ထက်ဝက်နီးပါးကို TNLA ထံကို PLA တပ်ဖွဲ့က စက်တင်ဘာလထဲမှာ လွှဲပေးခဲ့တယ်လို့ သိရပါတယ်။

PLA ရဲ့ ထိန်းချုပ်နယ်မြေထဲက ဆင်ဝိုင်း ၂၁ ဝိုင်းမှာ ဆင်ဦးစီနဲ့ မိသားစုဝင် ၃၀၀ ကျော်ရှိသလို ဆင်ကောင်ရေကလည်း ၁၄၀ နီးပါး ရှိတာကြောင့် ထက်ဝက်နီးပါးကို TNLA ထံ လွှဲပေးခဲ့တာဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ ဆင်ကောင်ရေ ၇၀ ကျော်ကို PLA တပ်ရင်း ၂၂၂ နိုင်ငံရေးဌာနက ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ထားပြီး ပြည်သူ့ဒီမိုကရေစီ အစိုးရသစ် လက်ထက်မှာ လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။

ဇူလိုင်လအတွင်းက မန္တလေးတိုင်းထဲက တိုက်ပွဲတွေကြောင့် သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်လုပ်ရေးဆင်တွေနဲ့ ဆင်အုပ်၊ ဆင်ထိန်းတွေရဲ့မိသားစုဝင်တွေ ဖြစ်တဲ့ ဆင်ဝိုင်း ၁၁ ဝိုင်းဟာ PLA ထိန်းချုပ်ဒေသထဲကို တိမ်းရှောင်လာခဲ့ပါတယ်၊ PLA တပ်ဖွဲ့မှာ ယခင်က ဆင်ဝိုင်း ၁၀ ဝိုင်း ရှိထားတယ်လို့ သိရပါတယ်။

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....