Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....

သတင်း

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်က ဓမ္မစေတီနန်းဦးကျောင်းတိုက်အတွင်း ဓါတ်နတ်စီးခြင်း၊ ပူးခြင်းများ လုံးဝ မပြုလုပ်ရန် တားမြစ်ထားပြီး လိုက်နာခြင်း မရှိရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ အသိပေးကြေညာလိုက်ပါတယ်။ ဇွန်လ ၂ ရက်က စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေကနေတဆင့် “ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဓမ္မစေတီ နန်းဦးသစ်ကျောင်းတိုက်နှင့်...

သတင်း

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှာ သဘာဝရဲ့ အမွေအနှစ်လည်းဖြစ်ပြီး တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ရမယ့် အောက်ချင်းငှက် အကောင်ပေါက်လေး ၁ ကောင် အောင်အောင်မြင်မြင် မွေးဖွားကြီးပြင်းလာနေတယ်လို့ Yangon Zoo က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ဒီနှစ် မတ်လ ၉ ရက်မှာ အသိုက်အတွင်း စတင်ဝင်အောင်းခဲ့တဲ့...

သဘာဝခေါ်သံ

ထုံးကျောက်တောင် (Karst) ဂေဟစနစ်ဟာ ထုံးကျောက်တွေ ရေမှာပျော်ဝင်ရာမှ ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ မြေမျက်နှာ သွင်ပြင်တွေနဲ့ ဂူတွေ၊ မြေအောက်မြစ်တွေ၊ ရေကန်တွေ စတာတွေ ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုပဲ ဖြစ်ပြီး ကမ္ဘာ့မြေ မျက်နှာသွင်ပြင်ရဲ့ (၂၀)ရာခိုင်နှုန်းကိုတောင် လွှမ်းခြုံထားပါတယ်။ ထုံးကျောက်တောင်ဂေဟစနစ်ဟာ လူသားနဲ့ သတ္တဝါတွေအတွက် နေစရာ၊...

မေးမြန်းခန်း

မေးမြန်းခန်း

UWSA ဝတပ်နဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့ ရှမ်းအရှေ့၊ မိုင်းတုံမြို့နယ်၊ လွယ်ချီလိတ်တောင်မှာ အာဏာသိမ်းပြီး တစ်နှစ်အကြာ အဖြိုက်နက်သတ္တုတူးဖော်မှု စီမံကိန်းတွေကို စတင်ခဲ့ပြီးတော့ ၂၀၂၆ ဖေဖော်ဝါရီလမှ စတင်လို့ တရုတ်ကို အလုံးအရင်းနဲ့ သတ္တုမြေစာ တင်ပို့နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) က ထုတ်ပြန်လာပါတယ်။ “တရုတ်နဲ့ ရုရှားတို့...

အတွေးအမြင်

အတွေးအမြင်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပါအဝင် ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း စီမံကိန်း ၇ ခု ဆောက်လုပ်မှုကို ဆန့်ကျင့်ပါတယ်။ လက်ရှိ မြန်မာစစ်တပ်အသွင်ပြောင်းအစိုးရရဲ့ စွမ်းအင်အစီအစဥ်အရ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်းမှာ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ၁ခု၊ အန်မိုင်ခမြစ်ပေါ်မှာ စီမံကိန်း ၅ ခုနဲ့ မလိခမြစ်ပေါ်မှာ စီမံကိန်း...

ဆောင်းပါး

ဆောင်းပါး

ချင်ပန်ဇီ(Chimpanzee) နဲ့ ဘိုနိုဘို (Bonobo) မျောက်ဝံမိခင်တွေက သားသမီး ရင်သွေးတွေ သေဆုံးသွားတဲ့ နောက်မှာလည်း ရက်လပေါင်းများစွာ ဆက်လက်သယ်ဆောင်သွားလေ့ရှိပြီး အဲဒီလို ဘာကြောင့် သယ်ဆောင်သွားရတယ်ဆိုတာကို အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ သုတေသနသစ်အရ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ချင်ပန်ဇီနဲ့ ဘိုနိုဘိုမိခင်တွေရဲ့ သူတို့ရင်သွေးတွေ သေဆုံးသွားပြီးနောက် ဆက်လက်သယ်ဆောင်လေ့ ရှိကြပုံကို “သေဆုံးသွားတဲ့...

ဆောင်းပါး

ဒီလိုအခြေအနေက တိဗက်ဒေသပဲ ရင်ဆိုင်ကြုံတွေ့ရခြင်း မဟုတ်ပေ။  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ မှာ တိုင်းရင်းသား ၅၆ မျိုး အားလုံးအတွက် တန်းတူညီမျှမှုကို အာမခံထားပါတယ်။ လက်တွေ့မှာမူ နိုင်ငံရဲ့ မျှော်မှန်းချက်ဟာ မြစ်ဝါမြစ်ဝှမ်းဒေသ မျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ ဟန်တရုတ်လူမျိုး အပေါ်မှာ အခြေခံထားပါတယ်။...

အထူးကဏ္ဍ

သဘာဝခေါ်သံ

သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းတို့ကြောင့် မြေမြှုပ်မိုင်း အပါအဝင် စစ်လက်ကျန်ပစ္စည်းတွေဟာ တည်နေရာပြောင်းလဲခြင်း၊ မြေအောက်မှ ပြန်လည် ပေါ်ထွက်လာခြင်း၊ အရပ်သားတွေနဲ့ သက်ဆိုင်တဲ့ နေရာသို့ ရွေ့လျားရောက်ရှိလာခြင်းစတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်တတ်တဲ့အတွက် အောက်ပါတို့ကို သတိပြုသင့်ပါတယ်- (၁) နေရာပြောင်းရွှေ့ခြင်း – ပေါက်ကွဲစေနိုင်တဲ့...

သတင်း

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းအတွင်းက ငလျင်ဘေးဒဏ်ကြောင့် လမ်းပျက်စီး ပိတ်ဆို့မှုတွေကို တော်လှန်ရေးရဲဘော်တွေနဲ့သာမက ဆင်တွေနဲ့ပါ ပါဝင်ကူညီဆောင်ရွက်ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထံမှ သိရပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ထိခိုက်၊ သေဆုံးပြည်သူတွေနဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် လိုအပ်နေတဲ့ အရေးပေါ် ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊...

သတင်း

မနေ့က မန္တလေးမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်တာစကေး ၇.၇ အဆင့်ရှိတဲ့ ပြင်အားမြင့်ငလျင်ကြောင့် မြန်မာတနိုင်ငံလုံးမှာ သေဆုံးသူ ၁၀၀၂ ဦးအထိ ရှိလာနေတယ်လို့ မတ်လ ၂၉ ရက် နံနက် ၁၁ နာရီခန့်အထိ စစ်ကောင်စီ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ပျောက်ဆုံးသူ အယောက်...

သတင်း

စစ်ကိုင်းပြတ်ရွေ့ရဲ့ အလယ်ပိုင်း နဲ့ တောင်ပိုင်း တလျှောက်ရှိ ဒေသတွေရဲ့ မြို့ကြီး ၇ မြို့နဲ့ အနီးပတ်ဝန်းကျင် ဒေသက ပြည်သူတွေ သတိပြုနေထိုင်သင့်တယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံငလျင်ကော်မတီက မတ်လ ၂၈ ညပိုင်းမှာ သတိပေး ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ်၊ မတ်လ...

သတင်း

အာဏာသိမ်းမှုအလွန် ၄ နှစ်နီးပါးအတွင်း ကချင်ပြည်နယ်ထဲမှာ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တွေ သုံးဆဝန်းကျင် တိုးမြင့်သွားတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်၊ ချီဖွေနဲ့ မိုးမောက်မြို့နယ်တွေဟာ မြေရှားသတ္တုအဓိက တူးဖော်နေတဲ့ ဒေသတွေဖြစ်ပြီး အဲဒီမြို့နယ် ၂ ခုမှာ လုပ်ကွက်ပေါင်း ၃၇၀ ထက်မနည်း ရှိနေကာ မြေရှားသတ္တုပျော်ရည်စုဆောင်းတဲ့ ကန်ပေါင်း...